OPEN CALL FOR ART WRITERS
(IMoCA-Writer 2025)
Supporting new Critical Writing, Essay and Exhibition Review on Myanmar Contemporary Art
OPEN CALL FOR ART WRITERS
(IMoCA-Writer 2025)
Supporting new Critical Writing, Essay and Exhibition Review on Myanmar Contemporary Art
Open Call Deadline: 25 August 2025 (Monday), 9:00 pm (MST)
Program Detail:
Initial Museum of Contemporary Art Myanmar (IMoCA) ၏ အနုပညာစာရေးသူဖိတ်ခေါ်ခြင်းအစီစဉ်သစ်(IMoCA-Writer 2025)ကို စတင်လိုက်ပါပြီ။ အနုပညာစာရေးခြင်း(Art Writing) ဟူသည်မှာ အနုပညာဖန်တီးခြင်းတစ်မျိုးဖြစ်သကဲ့သို့ သမိုင်းစာမျက်နှာများတွင် အနုပညာခေတ်သစ်အကူးပြောင်းတိုးတက်ခြင်းအတွက် အရေးပါသောအခန်းကဏ္ဍက ပါ၀င်ခဲ့ပါသည်။
IMoCA-Writer 2025 ၏ ရည်ရွယ်ချက်မှာ လက်ရှိလူမှုအသိုက်ဝန်းတွင်ခေတ်ပြိုင်အနုပညာနှင့်ယဉ်ကျေးမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ အပြုသဘောဆောင်သည့် အနုပညာဝေဖန်ဆန်းစစ်မှုအရေးအသားများပိုမိုကျယ်ပြန့်ဖွံ့ဖြိုးလာစေရန်၊ Art career အသစ်များဖြစ်ပေါ်လာစေရန်နှင့် ကမ္ဘာ့လူမှုအသိုက်ဝန်း၏ခေတ်ပြိုင်နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့်ပြောင်းလဲလာသော လူမှုဘဝများကို ယှဉ်တွဲသုံးသပ်မိစေရန် ဖြစ်ပါသည်။
ဤအစီအစဉ်တွင်ရွေးချယ်ခံရသူ (၅) ဦးကို ၄င်းတို့၏ဖန်တီးအရေးသားများအတွက် အဖွဲ့၏ညှိနှိုင်းအကြံပြုခြင်းများ၊ Global art network သို့ မိတ်ဆက်တင်ပြပေးခြင်းများနှင့် စာမူခတို့ကို ပံ့ပိုးပေးမည်ဖြစ်သည်၊ စာမူကို Aura Asia Art Website/ IMoCA ပြတိုက် website တို့တွင် English/ မြန်မာနှစ်ဘာသာဖြင့်ဖေါ်ပြပေးမည်ဖြစ်ပြီး အနုပညာရှင်များ၊ ပြခန်းများ Art professions များနှင့် တိုက်ရိုက်တွေ့ဆုံဆွေးရန် Online seminar များလည်းပြုလုပ်ပေးမည်ဖြစ်သည်။
IMoCA-Writer 2025 သည် မြန်မာအနုပညာအသိုင်း၀န်းတွင် အနုပညာဆိုင်ရာဝေဖန်ဆန်းစစ်မှုပညာရပ်များ ပိုမိုကျယ်ပြန့်၍ လက်တွေ့အသုံးချနိုင်စေရန်နှင့် သမိုင်းအမွေနှစ်များကိုအခြေခံ၍ ခေတ်ပြိုင်တန်ဖိုးအသစ်များကိုဖေါ်ထုတ်လာနိုင်ရန် တွန်းအားသစ်တစ်ခုဖြစ်မည်ဟု ယုံကြည်ပါသည်။ ဤအစီစဉ်ကို Aura Contemporary Art Foundation ၏ကူညီထောက်ပံ့မှုဖြင့် (SOCA) ကတာဝန်ယူစီစဉ်၍ Association for Myanmar Contemporary Art (AMCA) ကမေတ္တာဖြင့်ပူးပေါင်းကူညီပေးပါသည်။
………….
လျှောက်ထားနိုင်သူများ-
အနုပညာကိုစိတ်ဝင်စား၍ အနုပညာစာအရေးသားဖန်တီးသူမြန်မာနိုင်ငံသားတိုင်းပေးပို့လျှောက်ထားနိုင်သည်၊ artist, writers, curators, journalists စသည့် မည်သည့်ပညာရပ်နောက်ခံမဆိုလျှောက်ထားနိုင်သည်။
လျှောက်ထားရန်လိုအပ်ချက်များ-
Online Application Form တွင်ကိုယ်ရေးအချက်လက်ပြည့်စုံစွာရေး၍ အောက်ပါပူးတွဲဖိုင်များပူးတွဲလျှက် လျှောက်ထားရမည်၊
(၁) Main article: အသစ်ရေးသားထားသော အနုပညာဆောင်းပါးတစ်ပုဒ်(ပုံနှိပ်/Online မဂ္ဂဇင်းနှင့်သတင်းများတွင် မဖေါ်ပြဖူးသေးသည့် စာအသစ်ဖြစ်ရမည်)၊
ဤစာမူကို အဓိကစိစစ်ရွေးချယ်မည်ဖြစ်သည်၊ (Word .docs file only)
(၂) Supporting text: မည်သည့်ပုံစံမဆို ယခင်ရေးသားဖူးသည့် အနုပညာစာတပုဒ်၊ Review/Essay/Critical Writing စသည့်အရေးသားတစ်ခုခု၊
(Link/ or Word/ or Pdf file)
(၃) CV: လျှောက်ထားသူ၏ပုံပါသော ကိုယ်ရေးအချက်လက်(၁)မျက်နှာ (only 1 page, with applicant’s photo)
စာမူဆိုင်ရာလမ်းညွှန်ချက်များ-
စာမူကို စာလုံးရေသတ်မှတ်မထားသော်လည်း (ပုံမှန်ဖောင့်အရွယ်)A4ဆိုဒ်(၄) မျက်နှာထက်မကျော်စေရ၊ (ဆက်စပ်ဓာတ်ပုံများကို သီးခြား page တွင် ပုံစာ captions အပြည့်စုံဖြင့်ဖေါ်ပြပေးပါ)။
မြန်မာစာဖြင့် ရေးသားရမည်၊ (footnote/reference များလိုအပ်ပါကပြည့်စုံစွာဖေါ်ပြပါရန်၊ ရွေးချယ်ခံရပါက မြန်မာ/အင်္ဂလိပ်(၂)ဘာသာဖြင့်ဖေါ်ပြမည်ဖြစ်၍ ဘာသာပြန်သည့်အခါ စာရေးသူကို အသိပေးမည်၊
စာမူသည်လက်ရှိ မြန်မာအနုပညာဆိုင်ရာ အချက်လက်အခြေခံသော ပြပွဲရီဗျူး(သို့) ဆန်းစစ်သုံးသပ်မှု(သို့) Artistတစ်ဦး/ collective အဖွဲ့စသည်တို့အကြောင်းessay ဖြစ်နိုင်သည်၊ ထို့ပြင် ပြည်တွင်းပြည်ပၡိ မြန်မာအနုပညာၡင်တို့၏ ထူးခြားသည့်ပရောဂျက်များ၊ ပြပွဲများ၊ ကိုယ်ပိုင်လက်ရာများ၊ Residency အတွေ့ကြုံများစသည်ဖြစ်နိုင်သည်၊ safe & sound ဖြစ်ပြီး အပြုသဘောဆောင်သည့် ခေတ်ပြိုင်အနုပညာဆိုင်ရာ critical အမြင်များကိုရေးသားနိုင်သည်၊ ပန်းချီ၊ပန်းပု၊ ဓာတ်ပုံ၊ Installation၊ performance
စသည့်Multi-disciplinary အနုပညာမျိုးစုံဖြစ်နိုင်သည်။ (သို့သော် အခြားရည်ရွယ်ချက်များဖြစ်သည့် ရံပုံငွေပွဲ၊ Campign/fundrising နှင့် commercial ပြပွဲများကိုယခုအစီစဥ် တွင်ဦးစားပေးမည်မဟုတ်ပါ)၊
Important Notice! မိမိ၏စာမူတွင်ထည့်သွင်းတင်ပြထားသူ တစ်ဦးချင်း၏ခွင့်ပြုချက်ကို(စာမူပြ၍)ကြိုတင်ယူပါ၊ ကာယကံၡင်ခွင့်ပြုချက်ဖြင့်သာရေးသားပေးပို့ပါ၊ အချက်လက်များဓာတ်ပုံများကို စာရေးသူကအပြည့်၀ တာ၀န်ယူရမည်ဖြစ်ပြီး မိမိကိုယ်ပိုင်ဓာတ်ပုံများသာပိုသင့်လျော်မည်၊ အကယ်၍အခြားသူ၏ပုံကိုယူသုံးလျင် consent သေချာစွာရယူပြီးမှသာ ရေးသားဖေါ်ပြရမည်၊ (ဆောင်းပါးပါအချက်လက်တခုခု အမှားယွင်းၡိပါက အစီစဥ်က တာ၀န်မယူပါ)။
ယခုအကြိမ်အစီစဥ်တွင် စိတ်ကူးယဥ်သီးသန့် fictional အရေးအသားများထက် မိမိကိုယ်တွေ့မျက်မြင်အတွေ့ကြုံများ အပေါ်တွင်အခြေခံ၍ ဖြန့်ထွက်စဉ်းစားရေးသားခြင်းပုံစံများကို ပို၍အလေးပေးရွေးချယ်ပါမည်။
စာမူကိုလျှောက်ထားသူကိုယ်တိုင်ရေးသားရမည်ဖြစ်ပြီး အချက်လက်မှီငြမ်းခြင်းမှလွဲ၍ Internet ကဲ့သို့ အခြားမှကူးယူခြင်း၊ AI အကူညီရယူခြင်းများရှောင်ရှားစေလိုပါသည်။
စာမူ၏မူပိုင်ခွင့်မှာ စာရေးသူတွင်အပြည့်အ၀ၡိသည်၊ ယခုအစီအစဥ်က အောက်ပါ website စာမျက်နှာများ၏ အနုပညာပရိုဂရမ်များတွင်သာ ဖေါ်ပြမည်ဖြစ်သည်။ စာမူပိုင်ၡင်က အခြားနေရာများတွင်မိမိစိတ်ကြိုက်ထပ်မံသုံးနိုင်သည်။
ဖေါ်ပြမည့်ပရိုဂရမ်လင့်ခ်များ https://www.imocam.org/reviews, https://aura-asia-art-project.com/en/news/
ရွေးချယ်ခံရသူအတွက် အကျိုးခံစားခွင့်များ-
- စာမူခ (၃)သိန်းကျပ်၊ (KPay or AYA Pay ဖြင့်သာလက်ခံရပါမည်၊ ရွေးချယ်ကြောင်းကြေညာသည့်နေ့တွင် တပြိုင်တည်းငွေလွှဲပေးပါမည်)
- စာမူကို Eng/MM ၂ဘာသာဖြင့် ပြည်တွင်းပြည်ပ Art network များတွင် မိတ်ဆက်ဖေါ်ပြခွင့်၊ - Aura Asia Art/IMoCA စသည့် platform တို့တွင်
အလျဉ်းသင့်တိုင်း အနုပညာစာမူများဆက်လက်ရေးသားခွင့်တို့ရရှိပါမည်။
စာမူရွေးချယ်မည့် စံမူများ-
စာမူကို...
(၁) ခေတ်ပြိုင်အနုပညာအပေါ်ဖြန့်ကျက်၍ ခေတ်နှင့်နက်ရှိုင်းစွာဆက်စပ်သုံးသပ်နိုင်ခြင်း၊
(၂) အကြောင်းရာကို စ’လည်ဆုံးညီညွတ်၍ ဆိုလိုချက်ရှင်းလင်းစွာတည်ဆောက်နိုင်ခြင်း၊
(၃) နောက်ခံ context အရ လက်တွေ့ကျသော knowledge အသိတစ်ခုကို စာဖတ်သူထံရှင်းလင်းစွာဖေါ်ထုတ်ပြနိုင်ခြင်း စသည့်အချက်များဖြင့် အဖွဲ့ကရွေးချယ်ပေးပါမည်။
မှတ်ချက်- ရွေးချယ်ခြင်းဆိုင်ရာ မမျော်လင့်သောအငြင်းပွားဖွယ်များၡိလာပါက စာမူရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
လျှောက်ထားရန်ဖောင်-
APPLICATION FORM:
To apply, please complete and submit the Application Form:
https://forms.gle/hZ8eLZ3LCz6hExb87
စာမူပေးပို့ရန်နောက်ဆုံးရက်-
Open Call Deadline: 25 August 2025 (Monday), 9:00 pm (MST)
စာမူရွေးချယ်ခြင်းရလဒ်များကို စက်တင်ဘာလဆန်းပိုင်းတွင်ကြေညာရန်စီစဥ်ထားပါသည်။
ဆက်သွယ်ရန်-
Messenger: SOCA Facebook Page
More info; IMoCA Website: www.imocam.org,
OPEN CALL (IMoCA-Writer 2025); is Supported by the Aura Contemporary Art Foundation, and Operated by the School of Contemporary Art Project Myanmar (SOCA), with Collaborated and supervising by the Association for Myanmar Contemporary Art (AMCA).